သစ်မွှေး နဲ့
ပတ်သတ်ပြီး မေးလေ့မေးထ ရှိတဲ့ မေးခွန်းများ အပိုင်း (၁)
၁။
သစ်မွှေးကို ဘယ်ဒေသ၊ ဘယ်မြေမျိုးတွေမှာ စိုက်လို့ရသလဲ
၂။
ဘယ်မျိုးကို စိုက်ဖို့ သင့်တော်မလဲ
၃။
ဘယ်အချိန် စိုက်ဖို့ သင့်တော်သလဲ
၎။
စိုက်မယ်ဆိုရင် ကြိုပြီး ဘာတွေ ပြင်ဆင်ထားသင့်သလဲ
၅။
မြေသြဇာအနေနဲ့ ဘယ်လိုကျွေးရမလဲ
၆။
အပင်စိုက်ပြီးနောက်ပိုင်း ဘယ်လိုပြုစုမှုတွေ လိုအပ်သလဲ
၇။
မှိုဆေးသွင်းတာနဲ့ ပတ်သတ်ပြီး ဘယ်လိုတွေ လုပ်ရမလဲ
၈။
ထွက်ကုန်နဲ့ ပတ်သတ်ပြီး ဈေးကွက်က ဘယ်လိုရှိလဲ
၉။
အရေးကြီဆုံးဖြစ်တဲ့ ကိုယ်ဘယ်လောက် မြတ်နိုင်ချေ ရှိမလဲ
စတာတွေဟာ
အမေးအများဆုံးပါ။ ဒါတွေနဲ့ ပတ်သတ်လို့ တခုချင်း ဖြေပေးပါမယ်။
၁။ သစ်မွှေးကို ဘယ်ဒေသ၊
ဘယ်မြေမျိုးတွေမှာ စိုက်လို့ရသလဲ
ဒီရေ၀င်တဲ့မြေ၊
စိမ့်မြေ၊ ဆားပေါက်တဲ့မြေ၊ ရေ၀ပ်တဲ့မြေ စတဲ့ မြေတွေကလွဲလို့ မြန်မာတပြည်လုံးအတိုင်းအတာနဲ့
ကျန်တဲ့ ဒေသမရွေး၊ မြေမရွေး စိုက်လို့ရပါတယ်။
နည်းပညာတွေ
တိုးတက်နေတဲ့ခေတ်မှာ ဘယ်မှာစိုက်စိုက် စိုက်လို့ ရပါတယ်။ ကုန်ကျစရိတ်များမယ်၊ အချိန်ကုန်မယ်
စတာတွေကို နှိုင်းယှဉ်ရင် အထက်ပြောတဲ့ မြေတွေကို ရှောင်ပြီး စိုက်နိုင်ပါတယ်။
သစ်မွှေးပင်ရဲ့
မူလပေါက်ရောက်ရာဒေသကတော့ ကချင်ပြည်နယ်၊ ပဲခူးရိုးမ၊ ရှမ်းကုန်းမြင့်၊ ဒေါနတောင်တန်း
စတဲ့ ကုန်းမြင့်ဒေသတ၀ိုက်ဖြစ်ပြီး အေးပြီး စိုစွတ်တဲ့ ကချင်ဘက်မှာ ပိုဖြစ်ထွန်းပါတယ်။
ဒါပေမယ့်
ကိုယ်ကမှ ရွေးစရာမြေက ရှားလို့ အလယ်ပိုင်းဒေသမှာ စိုက်မယ်ဆိုရင်လဲ ငယ်ရွယ်စဉ် အရိပ်နဲ့
အစိုဓာတ်အတွက် တွဲဖက်အပင်နဲ့ စိုက်ရင် ရပါတယ်။ နမူနာအနေနဲ့ မိတ္ထီလာမှာ စတင် စိုက်ပျိုးနေပါပြီ။
ရာသီကြမ်းတဲ့ဒေသမှာ ဖြစ်အောင် နည်းပညာကူရပါတယ်။
ကရင်ပြည်နယ်၊
ဘားအံမှာ အဒေါ်က လယ်မြေအမျိုးအစား မြေကွက်ကို ၀ယ်ပြီးတော့မှ သစ်မွှေးစိုက်ချင်လို့ ဆိုပြီး
သွားကြည့်တော့။ ရေလဲဝပ်သေး၊ နုန်းမြေလဲဖြစ်သေးဆိုတော့ ထုံးစံက လုံးဝမဖြစ်တာပါ။ ဒါပေမယ့်
ကျနော့်သြဂဲနစ်နည်းပညာနဲ့ အခုစိုက်ထားတာ အပင်တွေ တော်တော်ကို ဖြစ်နေပါပြီ။ စိုက်သက်
၁နှစ်သားက ၈ပေဆိုဒ်တောင် ကျော်နေပါပြီ။
ဒီလောက်ဆို
မြေ၊ ဒေသနဲ့ ပတ်သတ်ပြီ ရှင်းလင်းပြီလို့ ထင်ပါတယ်။ မရှင်းရင်လဲ ထပ်မေးနိုင်ပါတယ်။
၂။ ဘယ်မျိုးကို စိုက်ဖို့
သင့်တော်မလဲ...
သူများ
ယိုးဒယားဆိုလို့ ကိုယ်လဲ လိုက်ပြီး ယိုးဒယားဆိုလို့ကတော့ ကိုရိုးကားယား ဖြစ်သွားပါမယ်။
မစိုက်ခင် သေချာစုံစမ်းလေ့လာစေချင်ပါတယ်။
ဘာလို့လဲဆိုတော့
ယိုးဒယားမျိုးက အကောင်းဆုံးဆိုပြီး သူများပြော ကြားဖူးတာနဲ့ ယိုးဒယားမျိုးဆိုပြီး လုပ်တော့
ပျိုးပင်သမားတွေကလဲ ကိုယ့်ဆီက ပျိုးပင်တွေ ရောင်းရချင်ဇောနဲ့ ယိုးဒယားမျိုးပါဆိုပြီး
လိမ်ရောင်းတော့တာပါပဲ။
ယိုးဒယားမျိုးမှာပဲ
အဓိက မျိုးစိတ်အနေနဲ့ လေးမျိုးလောက်ရှိပြီး နောက်ပိုင်း စမ်းသပ်ထုတ်လုပ်တာတွေပဲ ဆယ်ဂဏန်းလောက်ရှိပါတယ်။
ဒီအထဲမှာမှ အဆီထွက်နှုန်းကောင်းတာ ၂မျိုးလောက်ပဲရှိတာပါ။
မြန်မာမျိုးက
ယိုးဒယားနဲ့ ယှဉ်ရင် ဈေးကွက်မှာ မရသေးတာက စိုက်ခင်းအနေနဲ့ လုပ်လာတာ ၁၀စုနှစ် တခု မရှိသေးပါဘူး။
ပြီးတော့ အစိုးရရဲ့ သစ်မွှေးနဲ့ပတ်သတ်တဲ့ ပြီးပြည့်စုံ ကောင်းမွန်တဲ့ မူဝါဒပိုင်းမှာ
အလွန်ကို အားနည်းပြီး ဘာမှမရှိသေးတာကြောင့် မြန်မာ့သစ်မွှေးဟာ သဘာဝအပင်တွေကရတဲ့ အဆီခဲတွေကို
တရားမ၀င် ရောင်းဝယ်ဖောက်ကားမှုတွေသာ ရှိနေပါတယ်။ ဒီတော့ နိုင်ငံတကာဈေးကွက်ကိုလဲ တရားမ၀င်
လမ်းကြောင်းနဲ့သာ သွားနေရလို့ တန်ဖိုးအမှန်ကို မရနိုင် ဖြစ်နေပါတယ်။
ဒီတော့
နည်းပညာပိုင်းအရ ပြောရရင် မြန်မာ့သစ်မွှေးဟာ ကမ္ဘာ့တန်းဝင် မျိုးဖြစ်ကြောင်းနဲ့ ကိုယ့်ဒေသမှာ
ပေါက်တဲ့ မျိုးရင်းဖြစ်လို့ ကိုယ့်ရာသီ ၀န်းကျင်နဲ့ သဟဇာတဖြစ်နိုင်ကြောင်း၊ တခြားမျိုးတွေထက်
အသားပိုကျစ်လို့ အရည်အသွေးမြင့်အဆီခဲ ပိုဖြစ်ထွန်းနိုင်ကြောင်း စတာတွေကြောင့် ကချင်မျိုးကိုသာ
အဓိကထား စိုက်ပျိုးသင့်ကြောင့် ပြောလိုပါတယ်။
ယိုးဒယားမျိုးကိုမှ
စမ်းစိုက်ချင်သူတွေအတွက် သတိပေးလိုတဲ့ အချက်ကတော့ မျိုးစေ့ကို ၃ရက်မှ ၁ပတ်အတွင်း ပျိုးထောင်ရင်
ဖြစ်တယ်ဆိုပေမယ့် ရက်ကြာလေ ပေါက်နှုန်းအားလဲနည်းပြီး ပေါက်တဲ့အပင်တွေကလဲ သန်စွမ်းအား
နဲလေပါပဲ။ ကဲ အရောက်ပို့နိုင်သည်ထားအုံး သယ်ပို့ ကုန်ကျစရိတ်များလို့ ဈေးကလဲ ကြီးမှာပါ။
တချို့က ဒါကို အခွင့်ကောင်းယူပြီး သစ်မွှေးတခါမှ မမြင်ဖူးသူတွေကို ဒေါနတောင်တန်း၊ ပဲခူးရိုးမဘက်က
အလေ့ကျအပင် (တချို့လဲ) ကချင်မျိုးကိုပင် ယိုးဒယားမျိုးပြောပြီး ဈေးအဆမတန်တင်ရောင်းနေတာတွေ
ရှိကြောင်း သတိပြုစေချင်ပါတယ်။
ဒီလို
ယိုးဒယားမျိုးအကြောင်း မကောင်းပြောနေလို့ ကျနော်ဟာ ယိုးဒယားမျိုးကို လုံးဝမယုံကြည်သူမဟုတ်ပါ။
ကျနော်ကိုယ်တိုင် ယိုးဒယားပျိုးပင်တွေလဲရှိပါတယ်။ မြန်မာမျိုးနဲ့ နှိုင်းယှဉ်ပြီး ပြောပြခြင်းပါ။
၃။ ဘယ်အချိန် စိုက်ဖို့
သင့်တော်သလဲ
ဒီမေးခွန်းက
မေးသူတွေ သိပ်မေးလေ့မရှိပေမယ့် အလွန်အရေးပါတဲ့ မေးခွန်းမို့လို့ ဖော်ပြပေးတာပါ။
ကျနော့်ဆီကို
သစ်မွှေးစိုက်နေသူ တော်တော်များများ ဖုန်းဆက်ပြီး မေးကြတယ်။ တချို့လဲ လူကိုယ်တိုင်လာတယ်။
တခြားပျိုးပင်ရောင်းတဲ့သူဆီက ၀ယ်ပြီး စိုက်လို့ အပင်တွေ သေကုန်မှ ကျနော့်ဆီ မေးကြတယ်လေ။
အဲ့ဒီသူတွေထဲမှာ အဖြစ်အများဆုံး ပြဿနာက စိုက်ပျိုးရန် မသင့်တော်ချိန်မှာ နည်းစနစ်ကောင်းကောင်းမသိဘဲ
စိုက်ပျိုးမိခြင်းပါ။
သူတို့ကို
ရောင်းလိုက်တဲ့ ပျိုးပင်ဆိုင်တွေက သေချာပြောမပြတဲ့အပြင် အပင်သေလို့ ပြန်မေးတော့ ကောင်းကောင်းမဖြေတဲ့အပြင်
ဟောက်တောင် လွှတ်လိုက်တယ်ဆိုပဲ။
သူတို့အများစု
စိုက်မိတာက ဆောင်းတွင်းပါ။ ပျိုးသက်ကလဲ အင်မတန်ငယ်တဲ့အချိန်ပါ။ မျိုးစေ့တွေက တနှစ်လုံးမှာမှ
ဇွန်၊ ဇူလိုင်မှာဘဲ ရတာမို့ ပျိုးသက်ကို ကိုယ်ဝယ်တဲ့အချိန်ကိုကြည့်ပြီး ခန့်မှန်းနိုင်ပါတယ်။
ဥပမာ ဒီဇင်ဘာလမှာ ကိုယ်ဝယ်တယ်ဆိုရင် ၅လသား ၆လသားပါ။ ဒါမှမဟုတ် နှစ်ကျန်အပင်ဆိုရင် ၁နှစ်ခွဲရှိပြီပေါ့။
ဒီ နှစ်ကျန်အပင်နဲ့ ပတ်သတ်လို့ ကျနော်ရေးထားတာ ရှိပါတယ်။ ရှာဖတ်ကြည့်ပါ။
အဓိကပြဿနာက
မိုးကုန်မှ သွားစိုက်တာ၊ အပင်က အရမ်းငယ်သေးတာ၊ မြေကြီးထဲ အမြစ်မစွဲသေးချိန် ဆောင်တွင်းမှိုရောဂါတွေရဲ့
ဒဏ်ကို မခံနိုင်တာ၊ ကြက်သွန်ဖြူ+ဂျင်းစတဲ့ မှိုရောဂါ ကာကွယ်ဆေးတွေကို ကြိုတင် မဖြန်းမိတာ၊
ရေလောင်းချိန် မမှန်တာ၊ အစာအကျွေးများတာ(၁၅ပတ်လည်)၊ စတာတွေကြောင့် အပင်တွေဟာ သေဆုံးတာများပါတယ်။
တချို့က အရိပ်ကြိုက်တယ်လို့ ပျိုးပင်အရောင်းဆိုင်က ပြောလိုက်လို့ ဆောင်းတွင်းကြီး နေမပွင့်တဲ့ရာသီကို
အပေါ်က ၀ါးကပ်တွေ မိုးပြီးစိုက်တော့ ဘယ်အချိန် အလင်းနဲ့အစာချက်ချိန် ရှိမလဲ။ ဒီလိုနဲ့
အပင်အားနည်းပြီး ရောဂါဝင်လွယ်တာမျိုးလဲ ရှိပါတယ်။
ဒီတော့
အတိအကျပြောရရင် သစ်မွှေးစိုက်သင့်တဲ့ ရာသီဟာ မိုးတွင်းပဲ ဖြစ်သင့်ပါတယ်။ ပျိုးသက်အနေနဲ့
တနှစ်သားဝန်းကျင်လဲ ဖြစ်လို့ ခံနိုင်ရည်ရှိပြီမို့ မြေချစိုက်ဖို့ အသင့်ဖြစ်နေချိန်ပါ။
ဒီတော့ ကိုယ်စိုက်မယ့် အပင်အရေအတွက် အနဲအများပေါ်မူတည်ပြီး မိုးမတိုင်ခင် ဧပရယ်လ်လောက်ကတည်းက
မြေသြဇာကြိုတင်ပြုလုပ်ခြင်း (သြဂဲနစ် စိုက်ပျိုးရေးအတွက်)၊ ပန္နက်ရိုက်ခြင်း ကျင်းတူး
အစာနှပ်ခြင်း၊ အပင်ကို မစိုက်ပျိုးမီ ခရီးဝေးပေါ်မူတည်၍ ၂ပတ်မှ ၁လခန့် ကြိုတင်မှာယူခြင်းများကို
ပြုလုပ်ရပါမယ်။
အကောင်းဆုံးအချိန်က
မိုးအမှီပါ။
သင့်တော်တဲ့အချိန်တွေကတော့
ဒီနှစ်အတွက် မေလမှ စက်တင်ဘာလအထိ ဖြစ်ပါတယ်။ မုတ်သုံအ၀င်အထွက်ပေါ်မူတည်ပါတယ်။
၎။ စိုက်မယ်ဆိုရင် ကြိုပြီး
ဘာတွေ ပြင်ဆင်ထားသင့်သလဲ
အပေါ်မှာလဲ
အကြမ်းဖျဉ်းဖော်ပြပြီးပါပြီ။
ကိုယ်စိုက်မယ့်
အပင်အနဲအများပေါ်မူတည်ပြီး ပြင်ဆင်ချိန်ကို တတ်နိုင်သမျှ စောစီးစွာ ပြုလုပ်ရပါမယ်။
အရင်ဆုံးအနေနဲ့
နောက်နှစ်အတွက် စိုက်မယ်ဆိုရင် ခုလောက်ကတည်းက စာအုပ်တွေကို လေ့လာဖတ်ရှုထားသင့်ပါတယ်။
သစ်မွှေးနဲ့ ပတ်သတ်တဲ့ စာအုပ်တွေ များစွာ ထွက်ရှိနေပြီးဖြစ်ပါတယ်။
online
မှာလဲ သစ်မွှေးနဲ့ပတ်သတ်တဲ့ ဆောင်းပါးတွေ များစွာရှိနေပြီးဖြစ်ပါတယ်။
သို့သော်
ကိုယ်က အခုမှ လေ့လာသူဖြစ်ရင် စိုက်ပျိုးရေးအကြောင်း မသိသေးဘူးဆိုရင်တော့ စာအုပ်အရွေးမမှားဖို့တော့
လိုပါလိမ့်မယ်။ ဒီတော့ ဘာတွေ ပြင်ဆင်သင့်သလဲ ဆိုတော့ စာတွေ့အရင်လေ့လာပါ။ သင်အခု ဒီစာကို
ဖတ်နေခြင်းကပဲ ပြင်ဆင်ခြင်းတရပ်ဟု မှတ်လိုက်ပါ။
စာတွေ့ပိုင်းလေ့လာပြီးသကာလ
သစ်မွှေးဟာ ဓာတု၊ အဆိပ်ပိုးသတ်ဆေး၊ မှိုသတ်ဆေးတွေ သုံးရင် အဆီခဲဖြစ်တည်ချိန် ဓာတုဓာတ်ကြွင်းကျန်လို့
အရည်အသွေး မမှီဖြစ်မယ်။ ဈေးတော်တော်နဲသွားမယ်ဆိုတာကို သိမယ်။
ဒီတော့
သြဂဲနစ် စိုက်ပျိုးနည်းကို သွားဖို့လိုမယ်ဆိုတာကို နားလည်မယ်ဆိုရင်ပဲ လိုအပ်တဲ့ မြေသြဇာ
ရွက်ဖြန်းဆေးတွေကို ၀ယ်သုံးတာထက် ကိုယ်တိုင်ဖော်စပ်သင့်တယ်။ တကယ်တော့ သစ်မွှေးမှ မဟုတ်ပါ
သြဂဲနစ်စိုက်ပျိုးနည်းကို အပင်တိုင်း သုံးရင် အပင်တွေအတွက် သဘာ၀၀န်းကျင် ဂေဟစနစ်အတွက်ပါ
အကျိုးရှိပါတယ်။
ဝယ်ပြီးသုံးတော့
ငွေပိုကုန်တယ်။ သြဂဲနစ်မှာ ဒေသခံအဏုဇီဝရဲ့ တန်ဖိုးက ပုံမှန် စက်ရုံထုတ် EM ဖျော်ရည်
မြေသြဇာတွေထက် အများကြီးသာကြောင်း သြဂဲနစ် နှင့် စိုက်ပျိုးရေး group တွင် သွားရောက်လေ့လာနိုင်ပါတယ်။
သစ်ရွက်ဆွေးမြေသြဇာတွေ
စုထားမယ်။ သစ်ကိုင်းခြောက်၊ သစ်ရွက်ခြောက်တွေ ပေါချိန်မှာ စုပြီး မီးရှို့ပြာချပြီး
ပြာတွေစုထားမယ်။ ကောက်ရိုးပေါချိန်မှာ ကောက်ရိုး၊ ဖွဲပြာပေါချိန်မှာ ဖွဲပြာ၊ နွားချေး၊
ကြက်ချေးပေါချိန် စတဲ့ ကုန်ကြမ်းတွေ ပေါများချိန်မှာ ကိုယ်စိုက်ပျိုးမယ့် ပမာဏပေါ်မူတည်ပြီး
ကြိုတင်စုဆောင်ထားခြင်းဟာ တကယ်လိုအပ်လို့ ၀ယ်တာထက် အများကြီးသက်သာပါတယ်။
ကုန်ကြမ်းတွေ
အဆင်သင့်ဖြစ်ပြီဆိုတာနဲ့ ဒိုချက်ကင်၊ ဘိုကာရှီမြေဆွေးတွေကို မစိုက်ခင် ၁လမှ ၂လအတွင်း
ကြိုတင်စပ်နိုင်ရင် ပိုကောင်းပါတယ်။ ထို့နည်းတူ ရွက်ဖြန်းဆေးများကိုလဲ ပေါများချိန်ုတွေမှာ
ပြုလုပ်ထားနိုင်ဖို့လိုပါတယ်။ သိပ်အစောကြီးတော့လဲ မဟုတ်ဘူးပေါ့။ စောလွန်းတော့လဲ ပြုလုပ်ချိန်မှ
၆လကြာတော့ အာနိသင်ပြယ်တာမို့ မစိုက်ခင် ၁လ၊ ၂လထက် ပိုမကြာသင့်ပါဘူး။
ဒီလိုတွေ
လုပ်နေတုန်းမှာပဲ စိုက်ပျိုးမယ့်နေရာ မြေရှင်းလင်းခြင်း၊ ပန္နက်ရိုက်ခြင်း၊ ကျင်းတူးခြင်း၊
မြေသြဇာထည့်ကာ နှပ်ထားခြင်း။တို့ ပြုလုပ်ရမှာ ဖြစ်ပါတယ်။
၆'x
၆' ခြား စိုက်မယ်ဆိုရင် ၁ဧကမှာ ၁၂၁၀ ပင် ဆန့်ပါတယ်
၇'x
၇' ခြား စိုက်မယ်ဆိုရင် ၁ဧကမှာ ၈၈၈ ပင် ဆန့်ပါတယ်
၈'x
၈' ခြား စိုက်မယ်ဆိုရင် ၁ဧကမှာ ၆၈၀ ပင် ဆန့်ပါတယ်
ကိုယ်က
နှစ်ရှည်ကိုလိုချင်ရင် ကြာကြာစောင့်နိုင်ရင် ၈ပေခြားကို ရွေးသင့်ပြီး ၆နှစ်၊ ၇နှစ်လောက်မှာ
ဆေးထိုးခုတ်ယူချင်ရင်တော့ ၆ပေခြားကို ရွေးသင့်ပါတယ်။
ကျင်းတူးတာနဲ့ပတ်သတ်လို့
ကိုယ်စိုက်မယ့် မြေက မြေသြဇာကောင်းရင် ၁ပေခွဲပတ်လည် အနက် ၁ပေခွဲ တူးရင်ရပေမယ့် ကိုယ့်မြေက
ညံ့နေရင်တော့ ၂ပေပတ်လည်၊ အနက် ၂ပေမှ ၃ပေအထိ တူးရတာမျိုးရှိပါတယ်။ မြေသြဇာအချိုးတွေကတော့
စိုက်မယ့်မြေအမျိုးအစား၊ ကိုယ်တတ်နိုင်တဲ့ ပမာဏပေါ် မူတည်ပြီး အနဲအများ ရှိပါတယ်။ ဒါပေမယ့်
ပုလဲယူရီးယားလို ၁၅ပတ်လည်လို ဟာကိုတော့ အလွန်အကျွံကျွေးမိရင် အပင်ကို ဒုက္ခဖြစ်စေပါတယ်။
ယုတ်စွအဆုံး ကြက်ချေးကို သူ့ချည်းကျွေးတဲ့အခါ တကျင်းမှာ ၁ပြည်ထက် ပိုမကျွေးသင့်ပါဘူး။
မြေသြဇာတွေကို
ကျွေးတဲ့အခါ လျှော့ကျွေးမိလို့ ဖြစ်တဲ့ပြဿနာထက် ပိုကျွေးမိလို့ ဖြစ်တဲ့ဒုက္ခက ပိုပြီးဆိုးရွားစေပါတယ်။
သစ်မွှေးက
စိုက်ပျိုးရေးလောကမှာ အသစ်အဆန်းတခုလို ဖြစ်နေတာကြောင့် သူ့အကြောင်းသိသူ နည်းနေပါတယ်။
အများစုမေးတဲ့ မေးခွန်းက သစ်မွှေးက ဂရုစိုက်ရသလား ဆိုတာပါပဲ။
သူတို့ကြားဖူးတာက
သစ်မွှေးက လက်ဝင်တယ် အရမ်းဂရုစိုက်ရတာဆိုတာပါပဲ။
ဒါနဲ့ပတ်သတ်ပြီး
ကျနော့်အတွေ့အကြုံအရ သုံးသပ်ပြရရင်
၁။ သစ်မွှေးစိုက်ပျိုးသူတွေက
တဆင့်စကားကနေ ၀င်ငွေအလွန်ကောင်းခြင်းကြောင့် စိုက်မိသူတွေဖြစ်တယ်။
၂။ သူတို့ကိုယ်တိုင်
စိုက်ပျိုးရေးအကြောင်း နားမလည်သူတွေဖြစ်တယ်။
၃။ ပုံမှန်သမားရိုးကျ
စိုက်တာတွေက အရင့်အရင်က နည်းစနစ်တွေရှိလို့ အတွေ့အကြုံ ရှိပြီးသူတွေများတယ်။ ဒီတော့
အမှားနည်းမယ်။
၎။ နှစ်ရှည်ပင်ဖြစ်လို့
ရလဒ်ကို လွယ်လွယ်နဲ့ မသိနိုင်ဘူး။
၅။ အပင် အဓိက လိုအပ်ချက်သဘောကို
နားမလည်ဘဲ ကိုယ်ထင်ရာလုပ်မိတော့ အမှားတွေ့တော့တာပဲ။
ကျနော့်ကို
လူတော်တော်များများကပြောတယ်။ ရာဘာက ဂရုစိုက်စရာမလိုဘူး။ ပစ်ထားရုံဘဲ။ တယောက်ကဆို ရေလောင်းစရာမလိုဘူးတဲ့။
သစ်မွှေးက ရေလောင်းရလို့ မစိုက်ဘူးတဲ့။
ကဲဗျာ
အဲ့လိုလူတွေကို ကျနော် တယောက်ချင်းစီ လိုက်ရှင်းပြဖို့ မလွယ်ပါဘူး။ ဒါပေမယ့်လဲ တတ်နိုင်သလောက်
ကျနော် ပြောပြပါတယ်။ သူတို့ကိုယ်တိုင် စိုက်ပျိုးရေး လုပ်နေပေမယ့် စိုက်ပျိုးရေးအသိ
လုံးဝမရှိတာကို ကျနော် သနားမိတယ်။
ရာဘာကို
ဧက ရာချီ၊ ထောင်ချီ၊ သောင်းချီ စိုက်နေတဲ့ ကျနော့် မိတ်ဆွေတွေအများကြီးပါ။ သူတို့ကိုယ်တိုင်
ဘယ်လိုပြုစုရသလဲဆိုတာ ကျနော် ကြားနေရပါတယ်။ မြင်နေရပါတယ်။ ရာဘာမှမဟုတ်ဘူး ရာသီပေါ် သီးပင်စားပင်တွေတောင်
အချိန်တန် ရေဖြန်း၊ ဆေးဖြန်း၊လုပ်ရပါသေးတယ်။
သူတို့
မစိုက်ချင်လို့ မစိုက်တာကို အပြစ်ပြောစရာမဟုတ်ပါ။ သူ့ရွေးချယ်ခွင့်သူပါ။ သို့သော် စိုက်ပျိုးရေးအသိမရှိဘဲ
နားကြားဖြင့် ရော်ရမ်းမှန်းဆ ပြောနေခြင်းကတော့ တကယ်လုပ်နေတဲ့သူတွေ၊ လုပ်မယ့်သူတွေကို
အနှောင့်အယှက်ဖြစ်စေပါတယ်။
ဒါကြောင့်
ထိုသူများကို တွေ့မိလျှင်လဲ စိုက်ပျိုးရေးအသိလေး တဆိတ်လောက် ဝေငှပေးလိုက်ကြပါအုံးလို့
တိုက်တွန်းလိုက်ရပါတယ်။
၆။ အပင်စိုက်ပြီးနောက်ပိုင်း
ဘယ်လိုပြုစုမှုတွေ လိုအပ်သလဲ
လေတိုက်ကြမ်းတဲ့နေရာတွေမှာဆိုရင်
အပင်ဘေးက တိုင်လေးထောင်ပြီး အပင်နဲ့ ကပ်ချီထားဖို့လိုပါမယ်။ ကြိုးချည်တဲ့အခါ ခပ်လျော့လျော့အနေထားဖြစ်ဖို့လိုပါမယ်။
လေတိုက်ရင် အနဲငယ်ရုန်းခွင့် ပေးထားရုံပါ။ တိုင်ကို စိုက်တဲ့အခါ ပျိုးပင်ရဲ့ မြေကြီးအလုံးကို
ထိုးခွဲမမိစေဖို့ ဂရုစိုက်ပါ။
အပင်မစိုက်ခင်း
ကျင်းတူး အစာနှပ်ပြီး အပင်ကို ထည့်တဲ့အခါမှာ ကျင်းတူးခိုင်းတဲ့ ရည်ရွယ်ချက်က ပျိုးအိတ်ကို
ကျင်းထဲ ထည့်ခိုင်းဖို့ မဟုတ်ပါ။ နောက်ပိုင်း ပျိုးပင်အစာလုံလောက်စွာ စားနိုင်ဖို့
အစာထည့်ပေးခြင်း ဖြစ်ပါတယ်။ တချို့က မြေကြီးရဲ့အောက်မှာ ချိုင့်ပုံစံမြုပ်စိုက်ကြတယ်။
ကျနော်ကတော့ အဲ့ဒါကို သဘောမတွေ့ဘူးဗျ။ သစ်မွှေးပင်က ရေ၀ပ်တာကို လုံးလုံးမကြိုက်လို့
မြေပြင်အထက် အနည်းငယ် မြင့်စေပြီး ဘေးကို ခပ်ပြေပြေ ကုန်းမို့ သဏ္ဍန်လုံးတင်ပြီး စိုက်တာကို
ပိုသဘောကျပါတယ်။ တချို့က မြေကို ခပ်ချွန်ချွန် လုံးတင်မိရင်တော့ မိုးတွင်း ရေတိုက်စားတာနဲ့
အမြစ်တွေ အလွယ်ပေါ်ပြီး အမြစ်ရေပုပ်နိုင်ပါတယ်။ ဒါကြောင့် ခပ်ပြေပြေလုံးတင်စေချင်တာပါ၊
အစာထည့်တာကို
ပြန်ပြောရရင် အနီးနားမှ ကျင်းတူးရာမှ ရတဲ့ မြေကြီး ၃ဆ၊ သစ်ရွက်မြေဆွေး ၃ဆ၊ ဒိုချက်ကင်+ဘိုကာရှိအရော
၁ဆ စတဲ့ အဆင်ပြေသလို ကုန်ကြမ်းရနိုင်မှုပမာဏပေါ် မူတည်ပြီး ထည့်နိုင်ပါတယ်။
မိုးတွင်းမှာ
ခပ်ပြေပြေသဏ္ဍန် ပြုလုပ်ပေမယ့် နွေရာသီမှာတော့ ရေနေ၀ိုင်းမြောင်းကို အပင် အရွက်တံစက်မြိတ်
ပတ်လည်မှာ လုပ်ပေးရပါမယ်။ အပင်ခြေကိုလဲ ကောက်ရိုး၊ မြက်ခြောက်၊ သစ်ရွက်ခြောက်တွေ ဖုံးအုပ်ထားပေးပါ။
အစိုဓာတ်နဲ့ အပူဒဏ်ကို ထိန်းနိုင်အောင်လို့ပါ။ မိုးတွင်မှာ မလိုပါဘူး။
မိုးတွင်း
ပေါင်းမြက်ပြဿနာကို ပေါင်းသတ်ဆေးသုံးပြီး မရှင်းစေချင်ပါ။ ပေါင်းမထစေရန် ၆ပေခြား၊ ၇ပေခြားနေရာလွတ်တွေမှာ
ဝင်ငွေလဲရ သစ်မွှေးပင်တွက် လိုအပ်တဲ့ နိုက်ထရိုဂျင်ဓာတ်ကို လဲ ပေးတဲ့ ပဲမျိုးနွယ် အပင်တွေကို
ကြားညှပ်စိုက်ခြင်းဖြင့် ပေါင်းကျ သက်သာစေပါတယ်။
ပေါင်းပင်ကို
ပေါက်တူးဆွ ရှင်းခြင်းဟာ ထပ်မံအဆတိုးပေါက်စေဖို့သာ ဖြစ်ပါတယ်။ ဒါကြောင့် ဖြစ်နိုင်ရင်
မြက်ရိတ်စက်နဲ့ဖြစ်ဖြစ် တံစဉ်နဲ့ဖြစ်ဖြစ် အပေါ်ယံယှက်ပြီး ပေါင်းမထစေချင်တဲ့ သစ်မွှေးပင်ခြေပတ်လည်မှာ
ပေါင်းပင်တွေပေါ်မှာပဲ (ထူထူ) ပြန်လည်အုပ်ထားခြင်း အောက်က ပေါင်းတွေ လေငတ် နေငတ်ပြီး
သေစေသလို အပင်အတွက် အစာကို ဖြစ်စေပါတယ်။
ရွက်ဖြန်းမြေသြဇာ၊
သဘာဝမြေသြဇာ (ဒိုချက်ကင်၊ ဘိုကာရှီ ) ပြုလုပ်နည်းတွေကို ကျနော့်စာအုပ်ထဲ အသေးစိတ်လေ့လာပါ။
ရွက်ဖြန်းကို ဖြစ်နိုင်ရင် ၂ပတ်၁ခါ အရွက်တွေစိုရုံ အပင်အောက်ခြေစိုရုံ ဖြန်းပေးနိုင်ပါတယ်။
ဒိုချက်ကင် ဘိုကာရှီကိုတော့ ၁မျိုးကို နို့ဆီဗူး ၄၊ ၅ဗူးဆီလောက် အပင်ရဲ့ အစာစက်ဝန်း
(အရွက် တံစက်မြိတ် စက်ဝန်း) သုံးပုံ ၂ပုံအတွင်း (အပင်ခြေမှ သုံးပုံ၁ပုံခွာပြီး) ပတ်လည်ဖြူးပေးပြီး
မြေကြီး ပြန်အုံပေးပါ။ အသေးစိတ်ကို သစ်ပင်များအစာကျွေးခြင်း ဆောင်းပါး၌ ကြည့်ပါလေ။
စိုက်ပြီး
ပထမနှစ်မှာ Top Dressing အနေနဲ့ (အပေါ်မှ အစာဖြူး) ဒိုချက်ကင်+ ဘိုကာရှီ အရော တပြည်လောက်ကို
၁နှစ်မှာ သုံးကြိမ်လောက် ကျွေးပေးနိုင်ပါတယ်။ ဒုတိယနှစ်မှာ ၁ပြည်ခွဲလောက်တိုးကျွေးပြီး
တတိယနှစ်နဲ့ ကျန်နှစ်တွေမှာတော့ ၁ပင်ကို ၂မျိုးပေါင်း ၂ပြည်စီလောက် ကျွေးနိုင်ပါတယ်။
ဒီသဘာဝမြေသြဇာက များများကျွေးလို့ ဘေးမဖြစ်ပါဘူး။ ၁၅ပတ်လည်လို ဓာတ်မြေသြဇာမျိုးကိုသာ
ချင့်ချိန်ကျွေးရတာပါ။ ကြက်ချေးချည်းသက်သက် ကျွေးမယ်ဆိုရင် အပင်ခြေနား သိပ်မကပ်စေဘဲ
တခါကျွေးနဲနဲစီသာ ချင့်ချိန်ကျွေးသင့်ပါတယ်။
သစ်မွှေး
၁မျိုးထဲ စိုက်ပျိုးခြင်းထက် စိုက်သက်ငယ်တဲ့အချိန်မှာ အပိုဝင်ငွေလဲရ အပင်အတွက်လဲ အကျိုးဖြစ်စေပြီး
ပေါင်းလဲသက်သာစေ ပိုးမွှားလဲ ကင်းစေတဲ့ ပဲမျိုးနွယ်အပင်တွေကို ကြားညှပ်စိုက်သင့်ပါတယ်။
ခြံအတွင်း ပန်းပင်တွေပါ စုံလင်စွာ စိုက်ထားခြင်းဖြင့် Biodiversity ဇီဝမျိုးကွဲစနစ်
ပိုမိုစုံလင်စေကာ ပိုးမွှားဒဏ်၊ မှိုရောဂါဓာတ်တွေက အစ ကာကွယ်စေပါတယ်။
စိုက်သက်
၁နှစ်အတွင်း ဘေးတက် ကိုင်းခွဲ သုံးကိုင်းအထက် ရှိလာရင် သိမ်တဲ့အကိုင်း၊ အောက်ဆုံးအကိုင်း၊
အလုပ်သိပ်မလုပ်တော့တဲ့ ကိုင်းတွေကို စတင် ချိုင်သင့်ပါတယ်။ ဒါမှာ အပေါ်ကို မြန်မြန်တက်ပြီး
ဘေးမကားတော့မှာပါ။ ချိုင်းပြီးသား ကိုင်းတွေရဲ့ ဖြတ်ထားတဲ့ နေရာမှာ ထုံး၊ဆားခါး၊လက်ချား၊ဒုတ္တာ၊ဇ၀က်သာ၊
ကန့် စတာကို ၆း၃း၁း၁း၁း၁ အချိုးအတိုင်း စပ်ထားတဲ့ ဖျော်ရည်ကို ရေအဆ ၅၀လောက်ရောပြီး
လိုက်တို့ထားပါ။ ဒါကိုပဲ အပင်တွေကို မှိုကာကွယ်ဆေးအနေနဲ့ မိုးနဲ့ ဆောင်းတွင်းမှာ ၂ပတ်၁ခါ
၁လ၁ခါ ဖြန်းနိုင်ပါတယ်။
ရေဖြန်းရင်ပဲဖြစ်ဖြစ် ဆေးဖြန်းရင်ပဲဖြစ်ဖြစ် မနက်ခင်းကို
၆နာရီမှ ၉နာရီခွဲ ၁၀နာရီအတွင်း ဖြန်းသင့်ပါတယ်။ ဆောင်းတွင်းမှာ ၇နာရီကျော်လောက်မှ ဖြန်းသင့်ပြီး
နွေမှာတော့ စောလို့ရပါတယ်။ တချို့က ဆေးကို ညနေဘက်ဖြန်းဆိုတဲ့ အယူတော့ရှိတယ်။ မှိုဆေးလို
ဟာမျိုးကို ညနေဘက်ဖြန်းသင့်ပါတယ်။ အဓိကကတော့ အရွက်တွေမှာရှိတဲ့ Stomata အပေါက်ကလေးတွေ
ပွင့်နေချိန်မှာ ဆေးဖြန်း ရေဖြန်းခြင်းဟာ သဘာဝကျပါတယ်။ ဒီအပေါက်ကလေး ရွင်လန်းစွာပွင့်စေဖို့
နောက်တနည်းကတော့ မနက်ခင်း ရေ/ဆေးမဖြန်းခင် နာရီဝက်အလိုလောက်မှာ သာယာကြည်နူးဖွယ်ကောင်း
ငှက်တွန်သံ၊(သို့) တေးသံသာတွေကို အပင်တွေနား ဖွင့်ပေးခြင်းဖြင့်လည်း အပင်တွေရဲ့ ဆေးကို
စုပ်ယူနိုင်မှုကို မြင့်မားစေပါတယ
No comments:
Post a Comment